top of page

မယုထဲက ဘူးမြို့တော်

Updated: Nov 25, 2025

အာရ်ကန်မြောက်ပိုင်း ဘူးသီးတောင်၊

ရပ်ကွက် ခုနှစ်ခုဖြင့် ဖွဲ့ထူထောင်။

စီးပွား၊ပညာ ကျန်းမာရေး၊

ဖက်စုံတော်တဲ့ တို့မြို့နယ်။


အနောက်၊ မြို့မ သင်္ဘောဆိပ်၊

မြို့သစ်၊ တောင်ခြေ မီးရထားဆိပ်၊

သပြေကုန်းနှင့် ခုနှစ်ခုပေါင်း

ဘူးမြို့ရပ်ကွက် စုစုပေါင်း။


ဥစ္စာပြည့်စုံ ဓနရှင်၊

လူကောင်းသူတော် ပညာရှင်။

အခင်းကြီးငယ် ဖြေရှင်းပေး၊

နေ့ညမပြတ် စောင့်ရှောက်ပေး။


စိမ်းလန်းစိုပြည် တောမြိုင်စုံ၊

သယံဇာတ ပြည့်ပြည့်စုံ။

ဘာသာမရွေး လူမျိုးစုံ၊

ပျော်မြူးကျင်းပ ပွဲမျိုးစုံ။


တောင်ကြီးတောင်ငယ် စုံစုံလင်၊

အမြင့်ဆုံးမှာ စိုင်းဒင်တောင်။

မြန်မာ့တစ်ဝန်း ကျော်ကြားဆုံး၊

စိုင်းဒင်ဆိုတဲ့ ရေတံခွန်။


အာရ်ကန်မြို့ပေါင်း ၁၇ ခုမှာ

သည်မြို့ကြီးနှင့် နှိုင်းလိုက

တစ်ပြည်လုံးမှာ တစ်ခုသာ

ဘူးမြို့ကြီးသာ ရှိပေတည်း။


— အာဘူလ်ကာဆိမ်း ( ၁၅၊ ၈၊ ၂၀၂၁)


စာအညွန်း


ဘူးမြို့တော် = ရခိုင်ပြည်နယ်၏ ဘူးသီးတောင်မြို့ကို ဆိုလိုခြင်းဖြစ်သည်။

ရပ်ကွက် (၇)ခု = အနောက်၊ မြို့မ၊ မြို့သစ်၊ သပြေကုန်း၊ တောင်ခြေ၊ မီးရထားဆိပ်၊ သင်္ဘောဆိပ်။

bottom of page