တို့ရိုဟင်ဂျာ ဒုက္ခသည်
- Abul Kasim

- Jul 9, 2025
- 1 min read
Updated: Dec 14, 2025
မီးနှယ်ပူပြင်း၊ နွေနေမင်း
ဗလာဥစ္စာ၊ ဓနကင်း။
အိုးမဲ့အိမ်မဲ့၊ သူ့လမ်းဘေး
တို့ရိုဟင်ဂျာ ၊ ဒုက္ခသည်။
စစ်ပွဲထန်ကြား၊ ပြေးလွှားရင်း
ဘင်္ဂလားသို့၊ သွားခိုရ
ပစ္စည်းဥစ္စာ၊ ကုန်ဆုံးရှူံး
တို့ရိုဟင်ဂျာ ၊ ဒုက္ခသည်။
အစာရေစာ၊ ပြတ်ငတ်သေ
လူသေအလောင်း၊ ပိုင်ရှင်မဲ့
"ဂျာနဇာဟ်"လည်း၊ မရသေး
တို့ရိုဟင်ဂျာ ၊ ဒုက္ခသည်။
မိပျောက်ဖပျောက်၊ ရေးမကုန်
ညီအစ်ကိုလည်း၊ သေကြေကုန်
နို့စို့ကလေး၊ ရှိုက်ငိုကြွေး
တို့ရိုဟင်ဂျာ၊ ဒုက္ခသည်။
နွေပူ၊ဆောင်းချမ်း၊ မိုးရေလျှံ၊
မခံနိုင်အောင် ပြင်းလှသည်၊
ဆေးမဲ့ကယ်မဲ့ သေကြေရ
တို့ရိုဟင်ဂျာ ၊ ဒုက္ခသည်။
— အာဘူလ်ကာဆိမ်း (၀၅၊ ၀၅၊ ၂၀၁၉)







